သမိုင်းကြောင်း

Our Story
PVC ပိုက်ထုတ် လုပ်ခြင်း ကို ၁၉၉၇ ခုနှစ်တွင် ကိုယ်တိုင်တည်ဆောက်သည့် ပြည်တွင်းဖြစ် စက်တစ်လုံးဖြင့် စတင်ခဲ့ပါသည်။ စတင်ချိန်တွင် နဝလီစနစ်ဖြင့်သာ ဆောင်ရွက်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ ကိုယ်တိုင်ဖြန့်ဖြူး ရောင်းချခဲ့ပါသည်။ ထိုမှတဖန် တိုင်ဝမ်နိုင်ငံထုတ် စက်များကို ဝယ်ယူခဲ့ပြီး အရည်အသွေးမြင့် ပိုက်နှင့်ပိုက်ဆက် ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချီနေပါသည်။ ယခုအခါတွင် ပြင်တွင်းနှင့်ပြည်ပတွင် တပ်ဆင်သည့် စက်အလုံးပေါင်း ၂၀ ကျော်ဖြင့် နှစ်စဉ် PVC ပိုက်တန်ချိန်ပေါင်း သုံးရာကျော် ကို ထုတ်လုပ်ပေးနေပါသည်။
ပန်းတိုင်
ကျွန်ုပ်တို့၏ပန်းတိုင် သည် အရည်အသွေးမြင့်၊ တာရှည်ခံ၊ ဆောက်လုပ်ရေးစံနှုန်းများနှင့် ကိုက်ညီသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးသော PVC ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရန်ဖြစ်ပါသည်။
ဈေးကွက်အမြင်
နည်းပညာတိုးတက်မှု ကိုအသုံးချကာ သဘာဝပတ်ကျင် ပျက်စီးမှုူ အနည်းဆုံးဖြင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များ၏ အခြေခံအဆောက်အအုံဆိုင်ရာ တိုးတက်မှု အတွက် လိုအပ်ချက်များကို ဖြည်းဆည်းနိုင်ရန် အမြဲအသင့်ရှိနေပါမည်။
တန်ဘိုးသဘောထား
ထုတ်လုပ်မှု နည်းပညာရပ် တွင် ရင်းနှီးမြှုပ်နှံခြင်း၊ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေခြင်း၊ အရည်အသွေး နှင့် ဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားခြင်း၊ အချိန်မှီ ပို့ဆောင်ပေးနိုင်ခြင်း များ သည်ကျန်ုပ် တို့ အလွန်တန်ဘိုးထားသော အရာများဖြစ်ပါသည်။
အားသာချက်
သရဖူ PVC ပိုက်ထုတ်လုပ်ရေး သည် ထုတ်လုပ်ဖြန့်ဖြူးသူ ပုံစံဖြင့် လည်ပတ်နေပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေဖြန့်ဝေမှုနှင့် အခြေခံအဆောက်အဦးဖွံ့ဖြိုးရေး ကဏ္ဍများအတွက် ဦးတည်ကာ နိုင်ငံအနှံ့ ဝန်ဆောင်မှုပေးနေပါသည်။
Crown PVC ပိုက်များသည် ရေဖြန့်ဝေမှု၊ မီးဆိုင်ခွင်၊ လျှပ်စစ်လိုင်းခလုတ်လိုင်းများနှင့် စိုက်ပျိုးရေးအတွက် အသုံးပြုရန် သင့်တော်သော ခံနိုင်ရည်ရှိ၍ ဈေးနှုန်းချိုသာပြီး အရည်အသွေးစံနှုန်းပြည့်မှီပါသည်။
ပိုက်ထုတ်လုပ်မှုအပြင် Crown PVC တွင် ပြည်တွင်း၌ မိမိကိုယ်တိုင် ဒီဇိုင်းဆွဲ၍ PVC ပိုက် Extruding စက်များ ထုတ်လုပ်နိုင်သော နည်းပညာဆိုင်ရာ စွမ်းရည် ကိုလည်း ပိုင်ဆိုင်ထားပါသည်။
Crown PVC Pipe Production သည် အောက်မြန်မာပြည် နှင့် အထက်မြန်မာပြည် တစ်လျှောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ နှင့် အခြေခံအဆောက်အဦးဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ တို့အပါအဝင် ဖောက်သည်အမျိုးအစား အမျိုးမျိုးအတွက် ဝန်ဆောင်မှုပေးနေပါသည်။
ထုတ်ကုန်များကို စိုက်ပျိုးရေးရေသွင်းစနစ်များ၊ ရေဖြန့်ဝေမှုစနစ်များနှင့် လျှပ်စစ်ကြိုးကာဗာများ အဖြစ် ကျယ်ပြန့်စွာ အသုံးပြုကြပြီး နေအိမ်နှင့် ကုမ္ပဏီအဆောက်အဦး စီမံကိန်းများ အတွက် ရည်ရွယ်ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အဓိကဒေသများတွင် ခိုင်မာသောဈေးကွက်တည်နေရာ ကို တည်ဆောက်နိုင်ထားပါသည်။
-
အောက်မြန်မာဒေသများ – ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်နှင့် တနင်္သာရီတိုင်းဒေသကြီးများ
-
အထက်မြန်မာဒေသများ – မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများ
